Saturday, February 27, 2016

ဒီမိုကရေစီနိုင်ငံရေးနည်းပညာ
လွှတ်တော်နဲ့ပက်သက်တဲ့ကိစ္စများ ထောက်ခံဆွေးနွေးသူလည်း ပညာလိုအပ်သလို အဆိုပြုလွှာတင်သွင်းတဲ့ ဒေါ်ခင်စန်းလှိုင်လည်း ဒီမိုကရေစီပညာရပ် လွှတ်တော်ပညာရပ်ဆိုတဲ့အဓိပ္ဗာယ်ကိုပိုပြီး နားလည်ဖို့လိုတယ်။ ဒီလိုပညာရပ်မျိုးကအခြားနယ်ပယ်ရဲ့ နည်းပညာများကို လျစ်လျူရှုထားလို့မရဘူး။ ကဏ္ဍတခုခုမှာ ကို်ယ်အဆိုတင်သွင်းမယ်ဆိုရင် ပါဝင်ဆွေးနွေးမယ်ဆိုရင် ဒီကဏ္ဍနဲ့ ပက်သက်တဲ့ပညာရပ်များ လက်တွေ့အခြေအနေများကို အသေးစိတ်ပီပြင်အောင်လေ့လာထားဖို့လိုတယ်။ စာတင်သူနဲ့ပါဝင်ဆွေးနွေးသူရဲ့ ဒီလိုလေ့လာမှု ကျွမ်းကျင်မှုမျိုးကို ဆွေးနွေးရင်းနဲ့ အခြားကို်ယ်စားလှယ်ကိုအချက်အလက်ပေးပြီး သူတို့ရဲ့ကိုယ်ပိုင်သုံးသပ်ချက်နဲ့ပေါင်းစပ်ပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက်ချနိုင်တယ်။ အခုလို တင်တဲ့သူရော ပါဝင်ဆွေးနွေးသူရော လေးလေးနက်နက်မလေ့လာထားတဲ့အတွက် သက်ဆိုင်တဲ့ကဏ္ဍမှပါဝင်ပက်သက်သူများ ပညာရှင်များနဲ့ ကြိုတင်ဖလှယ်မှုလည်း မရှိခဲ့ဘူး။ သတင်းစာမီဒီယာများ ဒီမိုအင်န်ဂျီအိုများရဲ့ အဆိုနဲ့လာတာက ရင်ကြားစေ့ရေးရော တိုင်းပြည်ဖွံ့ဖြိုးရေးရော နှောက်ယှက်ပေးနိုင်တယ်လို့ အသိပေးချင်တယ်။ (နိုင်ငံတခု လူမှုကွန်ယက်တခုလုံးမှာ မျှတမှုနဲ့ သက်ရောက်မှုက အရေးကြီးဆုံးကိစ္စ ၂ ခုပါ ။ မျှတမှ အမှန်တရားလို့မထင်ပါနဲ့ ။ အခုချိန်မှာအားလုံးက မျှတရေးဘက်ကပဲ ရပ်တည်နေတဲ့အတွက် သူတို့ရဲ့လုပ်ဆောင်ချက်များကို ထောက်ခံသူက အကုန်လုံးနီးပါးလောက်ဖြစ်တယ်။ တပ်မတော်ကိုယ်စားလှယ်ဘက်ကို ဆန့်ကျင်တဲ့သူများတယ်။ ကို်ယ်ကရှားရှားပါးပါး သက်ရောက်မှုဘက်က အဓိကလိုလားတဲ့သူမို့လို့ ဒီရေးသားချက်မျိုးက တဖတ်စွန်းမဖြစ်အောင် ရေးတာပါ ။ မပြည့်စုံခဲ့ရင်လည်း နားလည်ပေးပါ ။
လွှတ်တော်ဆွေးနွေးပြီးနောက် တက်နိုင်သလောက် ကိုယ့်အပေါင်းအသင်းထဲမှာရှိတဲ့ ဒီကိစ္စနဲ့ သက်ဆိုင်တဲ့လုပ်ငန်းရှင်နဲ့ ဝန်ထမ်းများကိုမေးမြန်း လေ့လာကြည့်မိတယ်။ အားလုံးသိတဲ့အတိုင်း အပေးယူကိစ္စများကတော့ရှိမှာပဲ ၊ ဒါပေမယ့် မရှင်းပြချင်တဲ့ လူရဲ့အဓိကသဘောထားကဒီိလိုဖြစ်နေတယ် ၊ ကုမ္ဗဏီအသိုင်းဝိုင်းမှာ ဒီရွေးကာက်ပွဲနီးလို့ လုပ်နေလို့ အာဏာလွှဲပြောင်းမှာမို့လို့ စတဲ့အကြောင်းအရာနဲ့ စီးပွားရေးကိစ္စတွေ ပုံမှန်ထက်လျစ်လျူရှုခံထားရတာက အတော်ကြာနေပြီဖြစ်တဲ့ကိစ္စ ။ ၂၀၁၅ နှစ်လယ်ကျော်စပြီး စီမံကိန်းအသစ်ဆိုရင် သိပ်လက်မခံချင်ဘူးလို့ ဝန်ကြီးဌာနများများ ငြင်းဆိုထားတယ်။ အရင်စီစဉ်ထားတာဆိုရင် အမြန်ဆုံလက်စသက်ဖို့လုပ်တာက မှန်ပါတယ်။ အစိုးရပြောင်းလဲမှု ထဲမှာမရှုပ်ထွေးချင်လို့လည်းပါမယ် ။ ခြုံပြောမယ်ဆိုရင် နိုင်ငံရေးပြောင်းလဲတဲ့ကာလမှာ ကုမ္ဗဏီဘက်ကရော အစိုးရဘက်ကရော စီးပွားရေးကိစ္စမှာ စောင့်ကြည့်နေတဲ့ သဘောများပါတယ်။ ကျွန်တော့်လိုသက်ရောက်မှုသမားဘက်က ကြည့်မယ်ဆိုရင် စီးပွားရေးကိစ္စဒီလိုလျစ်လျူရှုခံထားရတာ စိုးရိမ်တဲ့စိတ်တောင်ဖြစ်လာတယ်။
နောက်ကိစ္စတခုရှင်းပြချင်တာက မီဒီယာများပြောတဲ့ စီမံကိန်းများထဲမှာ အတော်များများက MOU အဆင့်လောက်ပဲဖြစ်တယ် ။ ဥပမာ တရုတ်နဲ့ လက်မှတ်ထိုးခဲ့တဲ့ ရေအားလျှပ်စစ်နဲ့ပက်သက်တဲ့ စီမံကိန်းဆိုရင် MOU ပဲအဓိကဖြစ်တယ်။ ကျောက်ဖြူစီမံကိန်းဆိုလည်း MOU အဆင့်တောင်မရောက်သေးဘူး။ MOU ဆိုတာ နားလည်မှုစာချွန်လွှာ ၊ ဒီကိစ္စပေါ်မှာပူးပေါင်းဆောင်ရွက်မယ့် ဆန္ဒရှိတာပဲဖြစ်တယ် ၊ ပြည်သူဘက်ကအာရုံစိုက်တဲ့ EIA ၊ SIA ပွင့်လင်းမြင်သာမှုနဲ့ တခြားပညာရပ်မှာ အရေးကြီးတဲ့ဖြစ်နိုင်ချေ အစီရင်ခံစာ ၊ စီးပွားရေးနဲ့ပက်သက်တဲ့ ခွဲဝေခံစားမှု ၊ နောက်ဆုံးအဆင့်ဖြစ်တဲ့ သဘောတူညီမှုစာချုပ် ၊ ရှေ့နေချုပ်ရုံးရဲ့သဘောထား ၊ MIC ရဲ့ခွင့်ပြုချက် စသဖြင့် ဆက်လက်ဆောင်ရွက်သွားနိုင်ဖို့ အစိုးရဘက်က ဒီလိုလေ့လာမှုမျိုး ပေးလုပ်တဲ့သဘောပါပဲ။ ဥပမာ - ပညာရှင်လာပြီးလေ့လာတာမျိုး ၊ EIA သုံးသပ်တဲ့ကိစ္စ စသဖြင့် ဒီ MOU မပါပဲလုပ်လို့မရဘူး။ စသွားလာခွင့်တောင်ရမှာမဟုတ်ဘူး ။ MOU လက်မှတ်ထိုးတာနဲ့ နောက်ဆုံလုပ်ပိုင်ခွင့်ပေးတဲ့ MOA ထိုးတာကို ခွဲခြားသိနိုင်ဖို့လိုတယ်။ နောက်ပြီး အစိုးရပိုင်ဆောက်အဦး မြေကွက် ပုဂ္ဂလိကကိုလုပ်ဆောင်ခွင့်လွှဲပေးတဲ့ကိစ္စလည်း စီးပွားရေးဗျူဟာအရ လုပ်သင့်တဲ့ဆောင်၇ွက်ချက်ပါ ။ ဒီကြားမှာသာ မှန်ကန်တဲ့လေလံစနစ်နဲ့သွားမယ်ဆိုရင် အပြစ်တင်စရာ မရှိပါဘူး။ အချို့ကိစ္စမှာ ပုဂ္ဂလိကရဲ့အားနည်းချက်ကြောင့် အပြိုင်အဆိုင်နည်းတာဖြစ်စေ ၊ ငွေကြေးမတက်နိုင်တာဖြစ်စေ ၊ ထွက်ပေါ်လာတဲ့အချက်အလက်က အပြင်ပေါက်ဈေးနဲ့ကွာမယ်ဆိုရင်တောင် တိုင်းပြည်စီးပွားရေး အမြန်ဖွံဖြိုးဖို့အတွက် ဆက်ပြီးဆောင်ရွက်ရမှာပဲ။ အများပိုင်မို့လို့ အလုံးစုံမျှတချင်တယ်ဆိုရင် ကွန်မြူနစ်ဝါဒကျဆုံးခဲ့သလို ကျဆုံးမှာပဲ။ တကယ့်ထိတွေ့သူရဲ့ပြောပြချက်အရ လေလံမှာဖြစ်တဲ့ မတရားမှုရှိကောင်းရှိနိုင်သေးတယ် ဒါပေမယ့်အရင်ထက်စာရင် ကြီးမားတဲ့တိုးတက်မှုရှိတယ် ။ ဒီတိုးတက်မှုကိုလည်း ကျွန်တော်တို့ကျေနပ်ရမယ်။ ဘာကြောင့်လည်းဆိုတော့ တကမ္ဘာလုံးကြည့်ရင် ဒီလိုကိစ္စမျိုးကင်းရှင်းဖို့အတွက်က နှစ်ရှည်ဆေင်၇ွက်ရမယ့်ကိစ္စပဲ ။ အမြန်ဆုံးတောင် နှစ် ၁၀ ဂဏန်းလောက်လိုအပ်တယ်။

ကျွန်တော်တို့အစိုးရိမ်ရဆုံးကိစ္စက ပြည်သူ့သဘောဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ဆီကမဖွံဖြိုးသေးတဲ့ မီဒီယာအသံတခုတည်းကိုကြည့်ပြီး ဆောင်ရွက်တာမျိုးပဲ။ သူ့ပါတီမက တိုင်းပြည်ပါထိခိုက်နိုင်တဲ့ကိစ္စပါ ။

No comments:

Post a Comment