Saturday, February 27, 2016



* ပဋ္ဌာန်း မရွတ်မီ အဓိဋ္ဌာန်ပြုခြင်း၊ ပင့်ဖိတ်ခြင်း နှင့် ပဋ္ဌာန်း ရွတ်ပြီး သစ္စာဆို၍ ဆုတောင်းခြင်း *

* အဓိဋ္ဌာန်ပြုခြင်း *
၁။ ယနေ့မှ စ၍ နေ့စဉ်မပြတ် တစ်လတိတိ ပဋ္ဌာန်း ပါဠိတော်များကို ရွတ်ဖတ်ပြီး မြတ်စွာဘုရားကို ပူဇော်ပါမည်ဟု အဓိဋ္ဌာန်ပြုပါသည်။

* နတ်ဗြဟ္မာ နှင့် ဝေနေယျ သတ္တ၀ါများကို ပင့်ဖိတ်ခြင်း *
၂။ တစ်လ အဓိဋ္ဌာန် ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ရာတွင် ယနေ့ အဓိဋ္ဌာန်အဖြစ် ယခုအချိန်မှ စ၍ ပဋ္ဌာန်း ပါဠိတော်ကို ရွတ်ဖတ်ကာ မြတ်စွာဘုရားအား ပူဇော်ပါတော့မည်။

၃။ ယနေ့ အဓိဋ္ဌာန် ပဋ္ဌာန်း ပါဠိတော် ရွတ်ဖတ် ပူဇော်မည် ဖြစ်ပါ၍ . . .
တပည့်တော်၏ ကိုယ်စောင့်နတ်၊ နေရာစောင့်နတ်၊ အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ လမ်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်၊ မြို့စောင့်နတ် အစရှိသော နတ်ဒေ၀ါ အပေါင်းတို့သည်လည်းကောင်း၊
ဤနေရာ၊ ဤဌာန၊ ဤပတ်ဝန်းကျင်အတွင်း ရှိသမျှသော နတ်ဒေ၀ါအပေါင်း၊ ဥစ္စာစောင့်၊ သိုက်နန်းရှင်၊ ဘုမ္ပိရပ် ပုဂ္ဂိုလ်အပေါင်း၊ အမနုဿပေတ ယက္ခ၊ တစ္ဆေ၊ မြေဘုတ်ဘီလူးမှ စ၍ အားလုံး မကျွတ်မလွတ်ကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည် လည်းကောင်း၊
ဓတရဋ္ဌ၊ ၀ိရူဠက၊ ၀ိရူပက္ခ၊ ကုဝေရ ဟူသော နတ်မင်းကြီး လေးပါး စသည်ဖြင့် နတ်ဗြဟ္မာ အပေါင်းတို့သည် လည်းကောင်း ပဋ္ဌာန်းတရား လာရောက် နာကြားကြ ပါကုန်လော့။

* ပဋ္ဌာန်း ဒေသနာတော် ရွတ်ဖတ် ပူဇော်ခြင်း *
၎။ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ၊ ပစ္စယနိဒ္ဒေသ ပါဠိတော်ကို ရွတ်ဖတ် ပူဇော်ပါရန်။

* အမျှပေးဝေခြင်း *
၅။ ပဋ္ဌာန်း ပါဠိတော်များ ရွတ်ဖတ် ပူဇော်ပြီးပါက အမျှပေးဝေပါ။

* သစ္စာဆို၍ ဆုတောင်းခြင်း *
၆။ သစ္စာ ဆို၍ ဆုတောင်းပါ။

* သစ္စာဆိုပုံ *
ယခုအခါ တစ်လ အဓိဋ္ဌာန် ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ရာတွင် ယနေ့ အဓိဋ္ဌာန် အဖြစ် ပဋ္ဌာန်း ပါဠိတော်ကို ရွတ်ဖတ် ပူဇော်၍ မြတ်စွာဘုရားကို ပူဇော်ခဲ့ပြီးပါပြီ။
ဤစကားသည် မှန်ကန်သော သစ္စာစကား ဖြစ်ပါသည်။
ဤမှန်ကန်သော သစ္စာစကားကြောင့် လည်းကောင်း၊
ဤပဋ္ဌာန်း ပါဠိတော်၏ တန်ခိုး ရှိန်စော် အာနုဘော်တို့ကြောင့် လည်းကောင်း၊
ဤပဋ္ဌာန်း ပါဠိတော်ကို ရွတ်ပွားရသော ကောင်းမှု ကုသိုလ်၊
နာကြားရသော ကောင်းမှု ကုသိုလ်တို့၏
တန်ခိုး တေဇော် အာနုဘော်တို့ကြောင့် လည်းကောင်း
ဘုရား တပည့်တော်/တပည့်တော်မသည် . . . . . . . . . . . . . . . . . . . ဖြစ်ရပါလို၏ အရှင်ဘုရား။

(လိုရာဆု တစ်ဆုတည်းကိုသာ တောင်းပါလေ၊ လိုရာဆု တစ်ဆု မပြည့်မချင်း ဤတစ်မျိုးကိုသာ ဆက်၍ ဆုတောင်းပါ။)

* ပင့်ဖိတ်ထားသော ပုဂ္ဂိုလ်များအား မေတ္တာရပ်ခံခြင်း *
၇။ ပဋ္ဌာန်းတရား လာရောက် နာယူကြကုန်သော နတ်ဗြဟ္မာများနှင့် မိမိ ပင့်ဖိတ်ထားသော ပုဂ္ဂိုလ်များ အားလုံး မိမိတို့၏ နေရာဌာနများသို့ အသီးသီး ပြန်ကြွပါရန် မေတ္တာရပ်ခံအပ်ပါသည်။

* * * * * * * * * *

ပဋ္ဌာန်းတန်ခိုး အကျိုးအနန္တ - ဦးရွှေတောင် (ရွှေတောင်ဦး)

ဟန်သာဆု စာပေ
ပထမအကြိမ်၊ ၂၀၁၄၊ အောက်တိုဘာ။

* * * * * * * * * *

ဓမ္မစကား ၊ နေ့တိုင်း ကြားက ၊ စိတ်ထား ဖွေးလက် ၊ သိဉာဏ် ထက်၏ ။

* * * * * * * * * * * * * *

No comments:

Post a Comment