Saturday, February 27, 2016


Google ဟာသင့်ကို ဥာဏ်ထိုင်းစေပြီလား


Google ဟာ သင့်ကို ဥာဏ်ထိုင်းစေပြီလားဆိုတာ စဉ်းစားတွေးတောစရာ မေးခွန်းတစ်ခု ဖြစ်လာ ပါတယ်။ ယင်းအတွက် ဗြိတိန်မှာ ဆေးပညာရှင်များဟာ လူပေါင်း ၄သောင်းကျော်ကို လက်တွေ့ သုတေသနပြုလုပ်လို့အဖြေရှာခဲ့ပါတယ်။ ယင်းထဲမှာ ၄၀ ရာခိုင်နှုန်းသော လူတို့ဟာ အချက်အလက်တစ်ခုခုကို တွေ့ရှိပြီးရင် မှတ်မထားတော့ပဲ အွန်လိုင်းပေါ်မှာ အမြဲရှာလို့ရတယ်ဆိုတဲ့ ခံယူချက်နဲ့ မေ့ထားတတ်ပါတယ်။ 
နောက်တော့မှ လိုအပ်ရင်လိုအပ်သလို ပြန်ရှာပါတယ်။ Google အသုံးပြုသူရဲ့ လေးပုံပုံ တစ်ပုံဟာဆိုရင် သူတို့ ရှာဖွေလို့ တွေ့ရှိတဲ့ အဖြေကို ချက်ချင်း မေ့သွားတတ်ပါတယ်။ ဒါကြောင့်မို့ Google ဟာ လူတွေကို ဥာဏ်ထိုင်းစေနေသလားလို့ မေးစရာ ဖြစ်လာ ပါတယ်။ လူတွေဟာ တဖြည်းဖြည်းနဲ့ အင်တာနက်ပေါ်မှာ တွေ့ရှိတဲ့အချက်တွေကို အလေးထား ယုံကြည်မှု ပိုမိုများပြားလာပြီး မိမိမြင်ရ၊ ကြားရ၊ သိရတဲ့အပေါ်မှာတောင် ယုံမှား သံသယ ရှိတဲ့အထိ ဖြစ်လာ တတ်ပါတယ်။ ဒါကြောင့်မို့ Google Search မှာ မေးခွန်းမေးရှာတာတွေ၊ သတင်းအချက်အလက် တစ်ခုခု သိချင်လို့ ရှာတာတွေ အင်မတန် များလာပါတယ်။ 
ဒါကြောင့်မို့ Google ဟာ သင့်ကို ဥာဏ်ထိုင်းစေသလားဆိုတာ မေးစရာ မေးခွန်း ဖြစ်လာပါတယ်။

No comments:

Post a Comment