Saturday, February 27, 2016

The Best Top Ten Bar In Yangon
ရန်ကုန်မြို့ မှ အကောင်းဆုံး Nightlife Bar (၁၀) ခု
50th Street
လမ်း(၅၀) အောက်ဘလောက် မှာ ရှိတဲ့ ဘားလေးဖြစ်ပါတယ်။ အပတ်စဉ် ဂီတဖျော်ဖြေပွဲလေးတွေနဲ့ အတူ အထူးပရိုမိုးရှင်းတွေ အမြဲပေးတက်ပါတယ်။ ဘောလုံးပွဲ ဝါသနာ အိုးများအတွက် ဘောလုံးပွဲများကို Live TV ကြည့်ရှုရင်း အစားအသောက်များကို အရသာခံနိုင်မှာ ဖြစ်ပါတယ်။ ဘီယာ၊ကော့တေး တို့ ကို Promotion နဲ့ သုံးဆောင်နိုင်ဖို့ အမြဲစီစဉ်ပေးတာကို တွေ့ ရပါတယ်။ အရသာရှိတဲ့ BBQ နဲ့ အထူး Special Menu တွေကိုလည်း အပတ်တိုင်း မရိုးနိုင်အောင် ပြုလုပ်ပေးလေ့ရှိပါတယ်။
KOSAN 19th Street
၁၉ လမ်း ရောက်တဲ့သူများကတော့ KOSAN ဆိုင်လေးကို မရောက်ဖူးရင် ခေတ်နောက်ကျသွားသလိုပါပဲ။ လွတ်လပ်ပေါ့ပါးမှုနဲ့ အတူ လူငယ်ဆန်တဲ့ ပြင်ဆင်မှုတွေကို တွေ့ ရမှာပါ။နိုင်ငံခြားခရီးသွားများကိုလည်း အမြဲလိုလို တွေ့ ရတက်ပြီး စားစရာ ကောင်းကောင်း ၊ သောက်စရာ ကောင်ကောင်း ကြိုက်သူများအတွက် သင့်တော်တဲ့ နေရာလေးပါ။ လူလည်း အမြဲစည်ကားနေတက်ပါတယ်။ ဒါကြောင့် Friday လို ညမျိုးဆိုရင်တော့ နေရာရဖို့ မသေချာပါဘူး။ ၁၉လမ်းကသောကြာညတိုင်းသွားကြတဲ့ နေရာအဖြစ်နာမည်လည်း ကြီးတာကိုး။ အဲဆိုင်လေးက Mojito က လူကြိုက်များပါတယ်တဲ့။
Off the beaten track
ကန်တော်ကြီး ၊ ကရဝိတ်ကမ္ဘာ ဘက်အခြမ်းမှာ ဖွင့်ထားတဲ့ ဘား နဲ့ စားသောက်ဆိုင်လေးပါ။ စားသောက်စရာတွေ ကောင်းတယ်လို့ လည်း နာမည်ကြီးပါတယ်။ ပြီးတော့ သီးသန့် ဆန်တဲ့  အပြင်အဆင်လေးတွေက သူငယ်ချင်း မိတ်ဆွေတွေနဲ့ အတူတူ Chill လုပ်ဖို့  ကောင်းတဲ့ တစ်နေရာပါ။
အာရှစာနဲ့ ဥရောပစာတွေ ရရှိနိုင်ပါတယ်တဲ့။ဂီတပွဲလေးတွေနဲ့ အတူ Private Party လေးတွေပါ လုပ်နိုင်တာမို့ လို့  အေးအေးဆေးဆေး ဘော်ဒါတွေနဲ့ စခန်းချဖို့ အဆင်ပြေမှာပါ။
7th joint bar & grill
7th Joint ကို စသိတာက ရက်ဂေး(Reggae) ဘားဆိုပြီး နာမည်ကြီးတာပါ။ ရက်ဂေးဆန်တဲ့ ဆိုင်အပြင်အဆင်နဲ့ ရက်ဂေးစတိုင် ကို လေ့လာနိုင်တဲ့ တစ်ခုတည်းသော ဘားလေးလည်း ဖြစ်ပါတယ်။ ပျော်ရွင်စရာ ကောင်းတဲ့ ဂီတဖျော်ဖြေပွဲလေးတွေ ၊ လွတ်လွတ်လပ်လပ် ဂီတမှာ စီးမျောနိုင်ဖို့  အစီအစဉ်လေးတွေကြောင့် လာရောက်သူတွေ နှစ်သက်ကြတဲ့ နေရာလေးပါတဲ့။
နေရာလေးကတော့ မဟာဗန္ဓုလ လမ်းနဲ့ ၄၇ လမ်း ထဲမှာ ဖွင့်ထားပါတယ်။ အကောင်းဆုံး ယမကာတွေ သုံးဆောင်နိုင်ဖို့  သင့်တော်မဲ့ နေရာလေး တစ်ခုပါ။
Fahrenheit
မက်ဆီကန် အစားအသောက် နဲ့  ကော့တေးကောင်းကောင်း သောက်မယ်ဆိုရင် ဖာရင်ဟိုက် ဆိုင်လေးကိုလည်း မေ့ထားလို့ မရပါဘူး။ အပတ်တိုင်း Promotionတွေနဲ့ အရသာရှိတဲ့ မက်ဆီကန် အစားအစာတွေကို မြည်းစမ်းဖို့ ကောင်းတဲ့ နေရာလေးပါ။ သူငယ်ချင်းတွေနဲ့ လွတ်လွတ်လပ်လပ် စကားပြောရင်း နှစ်သက်ရာ ကော့တေးတစ်ခွက်လောက် သောက်သုံးဖို့ အကြုံပြုချင်ပါတယ်။ ပရိုမိုရှင်းတွေမှာဆိုရင် မက်ဆီကန်အစားအစာတွေကို ဈေးနှုန်းသက်သက်သာသာနဲ့ မြည်းစမ်းနိုင်မဲ့ အပြင် ကော့တေး တစ်ခွက်သောက်ရင် တစ်ခွက်အလကားသောက်သုံးနိုင်မဲ့ အစီအစဉ်လေးတွေလည်း ပေးထားတာမို့ လို့  ပရိုမိုးရှင်းတွေကို မျက်ခြေမပျက်သင့်ပါဘူး။ နေရာကတော့ ဗိုလ်ချုပ်လမ်းအဆုံးနဲ့ ဗိုလ်တစ်ထောင်ဘုရားလမ်း တို့ ဆုံတဲ့ နေရာလေးမှာပါ။
Piano Bar Yangon
ပါရမီဟိုတယ် ပေါ်က Piano Bar မှာ ထိုင်ရင်း ရန်ကုန်မြို့ ရဲ့ ညအလှကို ခံစားမယ် ဆိုရင် ဒီညလေးက အကောင်းဆုံး ညလေး ဖြစ်မှာ အသေအချာပါပဲ။
ခမ်းနားတဲ့ ပြင်ဆင်မှု နဲ့ အတူ ဂီတသံငြိမ့်ငြိမ့်ညောင်းညောင်းလေးတွေ ခံစားရင်း ကော့တေးလ် သောက်မယ်ဆိုရင် စိတ်ညစ်နေတာတွေရှိရင် ပြေပျောက်စေပါတယ်။
ပြီးတော့ အရသာရှိတဲ့ Finger Food လေးတွေလည်း စားသုံးနိုင်မှာပါ။ အပေါ်ဆုံးထပ်မှာ ဖြစ်ပြီး ရေကူးကန်လေးလည်း ပါဝင်တာမို့ လို့  တကယ်ကို လန်းတဲ့ နေရာလေး တစ်ခုပါ။
YangonYangon
ရန်ကုန်မြို့ လယ်ထဲက အမြင်ဆုံး အဆောက်အအုံတစ်ခုဖြစ်တဲ့ Sakura Tower ထိပ်ဆုံးထပ်မှာ ဖွင့်လှစ်ထားတဲ့ Rooftop Bar ဖြစ်ပါတယ်။ ရန်ကုန်မြို့  ညအလှကို ဒီနေရာလေးကနေ ခံစားရမှာ ဖြစ်ပြီး လေလေး တစ်ဖြူုးုဖြူုးနဲ့  စိတ်အေးချမ်းမှုကို ခံစားရပါလိမ့်မယ်။ Sky Party လို့ ခေါ်တဲ့ အကောင်းဆုံး DJ တင်ဆက်မှုတွေနဲ့ အတု ကခုန်ရင်း ပျော်ရွင်မှုကို ခံစားနိုင်ပါတယ်တဲ့။ အမျိုးသားများ ဆိုရင်တော့ ဝင်ကြေးကောက်ပြီး အမျိုးသမီးများတော့ ဝင်ကြေးပေးစရာမလိုပါဘူး။
The Lab
ရွေဂုံတိုင် လမ်းဆုံနားရောက်ရင် ဆိုင်အတွင်းပိုင်းမှာ ထိုင်ခုံအရှည်လေးတွေနဲ့ ပြင်ဆင်ထားတာကို တွေ့ ကြမှာပါ။ အင်္ဂါနေ့ နဲ့  ကြာသပတေးနေ့ တိုင်းမှာ အထူးလျော့ဈေးတွေနဲ့ ရောင်းချလေ့ရှိပါတယ်။
အဓိက ကတော့ လူတွေဆုံပြီး သောက်ကြဖို့ အတွက် ရည်ရွယ်တဲ့ တစ်နေရာလေးလည်း ဖြစ်တယ်လို့  ဆိုထားပါတယ်။ ဝိုင်နဲ့ ကော့တေးလ်ကို မှာယူသောက်သုံးနိုင်ပြီး မိတ်ဆွေ အသစ်တွေ ရရှိနိုင်ဖို့  ဒီနေရာလေးကလည်း အထူးသင့်တော်ပါတယ်။
Roof Alchemy
အကောင်းဆုံးနဲ့ အဆန်းဆုံး ကော့တေးလ် သောက်ချင်သူများအတွက်ဆိုရင် Roof က အဆင်ပြေပါတယ်။ သူ့ ကော့တေးလ် ပြင်ဆင်ပုံတွေကလည်း အရမ်းလန်းလို့ တော်တော်များများကလည်း စိတ်ဝင်စားတဲ့ နေရာလေး တစ်ခုပေါ့။ ဘော်ဒါတွေနဲ့ အဖွဲ့ လိုက် ပျော်ပျော်ရွင်ရွင် အချိန်ဖြုန်းကြမယ် ဆိုရင် ဒီနေရာလေးက လန်းပါတယ်လို့ ။ နေရာကတော့ Yangon International Hotel အလုံလမ်း မှာပါ။
Cocoon
တြိဂံပုံစံရှိတဲ့ အဆောက်အအုံ ထပ်မြင့်မြင့်မှာ ရန်ကုန်မြို့ ညအလှကို ခံစားရင်း စားသောက်စရာ ကောင်းကောင်းတွေကို စားသုံးနိုင်ဖို့ တစ်နေရာလေးပါ။
စမ်းချောင်း ဗဟိုလမ်းနဲ့ ရှင်စောပုလမ်း ဆုံက အဆောက်အအုံမြင်ြ့မင့်အပေါ်ဆုံးထပ်မှာ ဒီဆိုင်လေးရှိပါတယ်။ ကော့တေးလ်ကောင်းကောင်းအပြင် မိမိနှစ်သက်ရာကိုbartender ကိုပြောပြီး စိတ်ကြိုက် သောက်သုံးနိုင်ဖို့  အဆင်ပြေပါတယ်။ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အစားအသောက်ကောင်းကောင်းလည်းစားမယ် ၊ သောက်လည်း သောက်မယ်ဆိုရင် Cocoon ကို သွားရောက်ဖို့ အကြံပြုပါတယ်။

No comments:

Post a Comment